Pages

Sunday, October 16, 2011

ဦးနှောက်ယိုစီးမှု ရဲ့ အဓိကအရင်းအမြစ်

ဦးနှောက်ယိုစီးမှု ရဲ့ အဓိကအရင်းအမြစ်

အသက်၁၈ ပြည့်ပြီးချိန် ဘွဲရပညာတတ်တစ်ယောက်ရဲ့ ရင်ထဲမှာ အလုပ်ကောင်းကောင်းတစ်ခု လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေပြည့်နှက်နေမှာပါ . . . အဲ့ဒီရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေနဲ့ ဘဲ ကျောင်းသားဘ၀တစ်လျောက် ကြိုးစားလာခဲ့တာ . . . မျှော်မှန်းချက်တွေ ဟာ မိသားစု ဘ၀ တစ်ခု ထူထောင်ဘို့ လူငယ်တိုင်းဆန္ဒ ကိုယ်ဆီ ရှိကြပါတယ် . . . ပြည့်စုံတဲ့ မိသားစု ဘ၀လေးမှာ ကိုယ်ပိုင်အိမ်လေး တစ်လုံးက အခြေခံကြတဲ့ နေရေး ဖြစ်ပါတယ် . . . တနေ့ ထမင်း နပ်မှန်အောင်အေး စားဘို့ က ၀မ်းရေး ဖြစ်ပါတယ် . . . လူသူအမြင်လှအောင် ၀တ်ချင်တာ က လူငယ်တွေရဲ့ စရိုက် တစ်ခုဘာဘဲ . . . အဲ့ဒီ အတွက် လူငယ်တွေရဲ့ တလ၀င်ငွေဟာ ဘယ်လောက်လိုမည်နည်း . . .
ပညာတတ်လူငယ်တွေရဲ့ တစ်လ ၀င်ငွေ ဘယ်လောက် ရှိလာမှာလည်း . . .
 အဲ့သလိုနဲ့ ပညာတတ် လူငယ်တွေအားလုံးဟာ ၀င်ငွေ ကောင်းတဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ထွက်ခွာလာပါတော့တယ် . . .
ပညာတတ်လူငယ်များ ထွက်သွားတာဟာ . . . ဦးနှောက်ယိုစီးမှု ဖြစ်စဉ်ပါ . . .
ဦးနှောက်ယိုစီးမှုရဲ့ အခြေခံဟာ
 (၁) လုပ်ငန်းဖြစ်တည်မှု နည်းပါးရခြင်း . . .
 (၂) လုပ်ခ လစာ နည်းပါးရခြင်း . . .
 (၃) ကုန်ဈေးနှုန်း နှင့် အခြားဈေးနှုန်းများ မြင့်မားနေရခြင်း . . .
တွေ က အခြေခံ အကြောင်းတရားတွေပါ . . .
တစ်လ ၀င်ငွေနဲ့ ထွက်ငွေ မမျှတ မှုဟာ ဦးနှောက်ယိုစီးမှုရဲ့ အခြေခံ အရင်းမြစ်ဖြစ်လို့နေပါတယ် . . .
ဦးနှောက်ယိုစီးမှုကို ကုစားရန်  ကတော့ တစ်လ ၀င်ငွေ ဟာ ထွက်ငွေ ပမာဏပေါင်းရဲ့ ၄ ပုံ ၁ ပုံ မရှိရင်တောင် ၃ ပုံ ၁ ဘဲ ရှိသင့်ပါတယ် . . .
ကုစားရန်နည်းလမ်းကတော့
နည်းပညာဖွံဖြိုးမှုနဲ့ အတူ
(၁) လုပ်ငန်းဖြစ်တည်မှုများ ပေါများလာအောင်စွမ်းဆောင်ရပါမည်၊ ပြည်ပဈေးကွက်များ ရရှိနိုင်ရပါမည်. . .
(၂) ရရှိလာသော ပြည်ပဈေးကွက်များကို မြန်မာပြည်ဖွား တိုင်းရင်းသား နည်းပညာရှင်လူငယ်များက ဦးဆောင်ဆောင်ရွက်နိုင်ရပါမည် . . .
(၃) မြန်မာပြည်ဖွားတိုင်းရင်းသား လူငယ်နည်းပညာရှင်များ ရရှိသော တစ်လ လစာငွေဟာ မိသားစု တစ်စု အတွက် စားရေး၊ နေရေး နှင့် ၀တ်ရေး အတွက် ဖူလုံမှုရှိရပါမည် . . .
(၄) ကုန်ဈေးနှုန်းမြင့်မားခြင်းမှ ကင်းဝေးရပါမည် . . . အခြား ဈေးနှုန်းများလည်း မြင့်မားခြင်းမှ ကင်းဝေးရပါမည် . . .
(၅) မြန်မာပြည်ဖွား နည်းပညာရှင်လူငယ်များ ၏ အကူအညီဖြင့် ပြည်ပ အကူအညီ မလိုအပ် ဘဲ ကုန် ထုတ်လုပ်မှု များ လုပ်ငန်းမတည်မှု ကုန်ကျစရိတ်များ လျော့ချနိုင်ရန် လိုအပ်ပါမည် . . .
(၆) ငါ တစ်ဘို့ တည်း ကို မကြည့် ဘဲ ငါ့ လူမျိုး ဘို့ ကို ကြည့်တဲ့ လုပ်ငန်းရှင်များ များများ ပေါ်ပေါက်ရန်လိုအပ်ပါတယ် . . .
(လူတစ်ယောက်သည် တနေ့ တမင်း ၃ နပ်၊ ၀တ်ရန် အ၀တ် တစ်ထည် နှင့် နေရန် အိပ် ရန် နေအိမ် တစ်လုံးသာအခြေခံ လိုအပ်ပါသည် . . .  လူဆိုသည်မှာ ပုထုဇဉ်ဖြစ်၍ လောဘ ရှိတတ်သော်လည်း ကိုယ်တစ်ဘို့တည်း အတွက် ကြည့်သော လောဘကို ကိုယ့် အမျိုးသားရေးကောင်းစားစေရန် ကြည့်သော လောဘ ဖြစ်သင့်ပါသည်)
လူငယ်နည်းပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များသည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီများဖြစ်ရန် အသိအမြင်သည် လူငယ်တိုင်းနှင့် လူကြီး များ ၏ ရင်တွင် ပွင့်လင်းသော အမြင် တစ်ဦးကို တစ်ဦး အားကိုးသော အမြင်များရှိရန် အထူးလိုအပ်လှပါသည်။


ပြည့်ဖြိုး

No comments:

Post a Comment