Pages

Sunday, October 16, 2011

General Manager Post is Available Now

General Manager Post is Available Now

General Manager Post is Available Now

ဖေ့ဘွတ်မှာ ရေးထားခဲ့ဘူးသော ကျွန်တော်ရဲ့ ပထမဆုံးသော ဟာသ၀တ္ထုကို ပြန်လည် တင်ပေးခြင်းပါ . . .

by Pyi Phyo on Wednesday, September 29, 2010 at 5:01am
စိတ်ထဲစဉ်းစားမိတာလေးရေးချင်လို့  နဲနဲ သီးခံပြီး ဖတ်ပေးကြပါ . . . မှန်နေရင်တော့ စိတ်မဆိုးကြပါနဲ့နော် ဟဲဟဲ :) ကြိုတင်တောင်းပန်ထားပါတယ် . . .



တစ်ခါ က ငရဲပြည် သို့ ငရဲခံရမည့် သူ ၅ ဦး  ကျရောက်လာပါတော့တယ် . . .



ယမမင်းက ပထမဆုံးတစ်ယောက် ကို ခေါ်လိုက်ပါတယ် . . . မင်း လူ့ပြည်မှာတုန်းက ဘာလုပ်သလဲတဲ့ . . . ကျွန်တော်က ဟိုတယ် က စားဖိုဆောင်က စာဖိုမှူးချုပ်ပါ . . . ဒါဆို မင်းဘာလို့ ငရဲပြည်ကျတာလည်း ပြောစမ်းပါအုန်း ဆိုတော့ . . . ကျွန်တော်တို့ဟိုတယ်မှာ ဧည့်သည်တွေကို လတ်ဆတ်တဲ့ သားငါးတွေ စားရအောင် အရှင်တွေကို ၀ယ်လာပေးတော့ သတ်ရလို့ . . . ပါဏာတိပါတာ ကံ ကြူးလွန်မိလို့ကျတာပါ . . .  အဲ့တော့ သွား သိဉ္စိုးငရဲ

ကဲနောက်တစ်ယောက်လာခဲ့ . . .

ယမမင်းမှ ဒုတိယတစ်ယောက်အား ဆက်ခေါ်လိုက်သည် . . . မင်းလည်း လူ့ပြည်မှာ ဘာတွေလုပ်ခဲ့လည်း ပြောစမ်းပါအု . . . ဒုတိယ လူက . . . ဟုတ်ကဲ့ပါ ကျွန်တော်က လူ့ပြည်တုန်းက ဟိုတယ် တစ်ခုမှာ Information Technology ဌာနမှာ တာဝန်ထမ်းဆောင်တာပါ . . . ကျွန်တော်တို့ မြန်မာပြည်မှာက ဗျာ . . . သူများ နိုင်ငံတွေလို ချမ်းသာတော့ Software တွေကို license version တွေ မသုံးဘဲ ခိုးကူခွေတွေ ဘဲ သုံးရတယ်လေ . . . ပြီးတော့ IT သမားဆိုတဲ့ အတိုင်း Hack တာ တို့ Crack တာတို့ကလည်း အကျင့်က ပါနေတော့ သူများ မသိအောင် ခိုးသုံးနေမိတာပေါ့. . .အဲ့ဒါနဲ့ အဒိန္ဒဒါန ကံ ကြူးလွန်ခဲ့လို့ ဒီကိုရောက်လာတာပါ . . . ယမမင်းက အေး ဒါဆိုမင်းလည်း သွား သိဉ္စိုးငရဲ ဘဲသွား 

ကဲနောက်တစ်ယောက်လာခဲ့အုန်း . . .

ယမမင်း က ဆက်မေးလိုက် သည် မင်းကရော ဘယ်မှာ ဘာလုပ်ခဲ့လို့လည်း ပြောစမ်းပါအုန်း . . . တတိယ လူ ကလည်း ကျွန်တော် လည်း ဟိုတယ်မှာ အလုပ်လုပ်တာ ပါ Spa လို့ ခေါ်တဲ့ ဇုန် ရဲ့ မန်နေဂျာပါ . . . ကျွန်တော် ဆီကို ယမမင်းကြီးတောင် လာသွားသေးတယ်လေ . . . ခုမှ မမှတ်မိတော့ ဘူး လား . . . သတိ က မေ့တတ်ပါလား တဲ့ . . . ယမမင်းလည်း သူ့ အကြောင်းတွေ ပေါ်ကုန်မှာ ဆိုးသဖြင့် တတိယလူအား စကားပြောခွင့်မပေးဘဲ ကဲကဲ မင်းလည်း ကာမေသုမိစ္ဆာစာရ ကံကို ကြူးလွန်တာဘဲ အတူတူဘဲ သွား သိဉ္စိုးငရဲ ဆိုကာ မြန်မြန် မောင်းချ လိုက်သည် . . .


ယမမင်းကြီးလည်း စိတ်ကို တည်ငြိမ်အောင်ပြန်လည် တင်းရင်း . . . ကဲနောက်တစ်ယောက် လာခဲ့အုန်း . . .

မင်း ကရော ဘာနေရာ မှာ ဘာလုပ်ခဲ့လို့လည်း ကွ ပြောပါအုန်း . . .

အဲ့ ဒေါ့  စတုတ္ထ တစ်ယောက်က ရောက်လာပြီး . . . မီးက လေ . . . တမီးက လူ့ ပြည်တုန်းက ဟိုတယ် တစ်ခု ရဲ့ Sales and Marketing ဌာန မှာ ပေါ့ လုပ်တာပေါ့ . . . မီးတို့ က အရောင်း သမားတွေ ဆိုတော့ ရောင်းတာပေါ့ . . . မီးကိုလည်း ရောင်းတယ် အားလုံးကိုလည်း ရောင်းတယ် . . . (အခန်းတွေ၊ အစားအသောက်တွေကိုပြောတာပါ) . . . မီးတို့ က ရောင်းအားတက်အောင် လေ ဧည့်သည်တွေကို ပြောရတာပေါ့ . . . ဦးတို့ ကို ကို တို့ ရယ် . . . မီးတို့ ဟိုတယ် က ကောင်းမှ ကောင်း မီးကိုသာကြည့် မီးကောင်း သလို မီးတို့ ဟိုတယ်လည်း ကောင်းမှ ကောင်း . . . မီးတို့ အစားအသောက် တွေကလည်း ကောင်းမှ ကောင်း မီးကို သာကြည့် မီး ကို ဦးတို့ ကိုကို တို့ စားချင်သလိုဘဲ . . . မီးတို့ Menu တွေက လည်း စားချင် စရာပါတဲ့ . . .အဲ. . . အဲ့ လို တွေပြောရ ပေါင်း များတော့ . . . မီးလည်း လိမ်လည် လှည့်ဖြားပြောဆို ရတာ နေ့တိုင်း အမြဲပေါ့ မုသားမပါ လင်္ကာ မချော ဆိုတာ တောင်ရှိပါသေးတယ် စကားပုံလေ အဲ့လိုဆိုတော့ မီးလည်း မုသားတွေ ကြူးလွန်မိပြီး မုသာဝါဒကံ နဲ့ ဒီကိုရောက်လာတာပါ . . . အေး မင်းလည်း သိဉ္စိုးငရဲ ကို ဘဲသွား . . . ဆိုကာ မြန်မြန်မောင်းထုတ်လိုက်၏ (ငရဲပြည်နှစ်ပတ်လည်အစည်းအဝေးအတွက် Meeting Package လာ Sales Call ဆင်းမည်ကိုကြောက်လို့ပါ) 

ယမမင်းလည်း လည်း စိတ်တော်တော် ရှုပ်နေဟန်ဖြင့် . . . ကဲနောက်ဆုံးတစ်ယောက် ခေါ်ပါအုန်း . . .

မင်းကရော ဆိုစမ်းပါအုန်း . . . ဟိုတယ်က ဘဲလား ဘယ်ဌာနမှာ လုပ်တာလည်း ပြောပါအုန်း . . .

အဲ့တော့ နောက်ဆုံးလူလည်း ဟုတ်ကဲ့ပါ ကျွန်တော်လည်း ဟိုတယ်မှာ လုပ်ပါတယ် . . .
ဌာနကတော့ Food and Beverage ဌာနကပါ . . . ဧည့်သည်တွေ မှာ သောက်တဲ့ Beer တွေ အရက်တွေ ပို ရင် သွန်ပစ်ရမှာ နှမြောလို့မသွန်ဘဲ သောက်မိပါတယ် . . . တခါ တခါ ပွဲတွေကျင်းပတဲ့အခါ လူကြီးတွေမူးပြီဆိုရင် လစ်ရင် လစ်သလို အနီတွေအနက်တွေအပြာတွေ ကိုယူသောက်မိပါတယ် ပြီးရင် ပုံမပျက်အောင် ရေလေး ရော ထားတာပေါ့ . . . အဲ့လို နဲ့ နေ့တိုင်း သောက်လာတော့ သုရာ မေရယ ကံ နဲ့ ဒီနေရာကိုရောက်လာတာပါ . . .
ယမမင်းကြီးအတွက်တောင် Blueတစ်ပုလင်းယူလာခဲ့သေးတယ် . . .ယမမင်းကြီးလည်း မဟန်မှန်းသိတာနဲ့ ကဲမင်း လည်း သွားတော့ သိဉ္စိုးငရဲ ကို ဆိုကာ ကန်ချလိုက်ပါတယ် . . . 

ယမမင်းကြီးလည်း စိတ်များအလွန်ရှုပ်ထွေးစွာဖြင့် မျက်လုံးအသာမှိတ်ကာ ခဏနေလိုက်ပါတယ် . . . ................................

ခဏ အကြာမှာတော့ ၀ုန်းကနဲဆိုတဲ့ အသံကြီး ပေါ်ထွက်လာပါတယ် . . . ၀ုန်း . . . . . ၀ုန်း ......... ၀ုန်း

ငရဲပြည်ကြီး ၈ထပ် မှ ယမမင်းကြီး နန်းတော်ဆီမှာ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသဖြင့် အားလုံးစိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါသည် . . .

ယမမင်းကြီးလည်း ခဏတာ တွေးတောရင်း စိတ်ကူးကောင်းတစ်ခု ရလာ သဖြင့် အပျော်လွန်သွားကာ ထခုန်လိုက်သော အသံ မှာ ငရဲပြည် ၈ထပ်ထိ ရောက်သွားရခြင်းဖြစ်ပါတော့တယ် . . .

ငရဲမင်းကြီး၏ အကြံမှာ . . .

ငါ့၏ ငရဲပြည်ကြီးတွင် လူ့ပြည်မှ 5 Stars အဆင့်အတန်းရှိသော ဟိုတယ်ကြီးတွင် တာဝန်ထမ်းဆောင်လာသော လူတော်များ စုဝေးရောက်ရှိနေကြပေပြီ
ငါ့၏ ငရဲပြည်ကြီးတွင် လည်း ဟိုတယ် ဆိုလို့ 5 Stars မဆိုထားနှင့် အအေးခန်းအဆင့်တန်းမျိုးတောင် မရှိပါသကား . . .
သို့ဖြစ်၍ ထို လူများကို စည်းရုံးတိုင်ပင်ပြီး အဆင့်အတန်းမှီ ဟိုတယ် ကြီးတစ်ခုဖွင့် လျှင်ကောင်းလေစွ . . .

နေရာဌာနစုံမှ သတ္တ၀ါ အပေါင်းလာရောက်လည်ပတ်လေသော် တည်းခိုစရာနေရာ မရှိ၍ လူတို့ဌာနေတွင် ငရဲပြည် ကောင်းကြောင်းပြောသောသူမရှိ
သ လောက် ဖြစ်နေရသည် ကိုလည်း မခံချင်ဖြစ်မိလေတယ် .  . .  ထိုသို့ကြံစည်မိ၍ ငရဲဌာနေတိုးတက်ရေးအတွက် အပျော်ကြီးပျော်ကာ ထခုန်မိလေခြင်းဖြစ်ပါသည် . . .

ထို့နောက် ယမမင်းကြီးသည် . . . သိဉ္စိုးငရဲတွင် တွင် ချခံထားသော လူ့ပြည့် 5 Stars ဟိုတယ်မှာ လူတော်များကို စုစည်း ၍ 5 Stars အဆင့်မှီ ဟိုတယ်ကြီး တစ်လုံး တည်ဆောက်ပါတော့ သည် . . . ထို့နောက် ဟိုတယ် ပိုင်ရှင် ကြီး အဖြစ်နှင့် ယမမင်းကြီးသည် ပျော်ရွှင်စွာ ဖြင့် ဟိုတယ်ကြီး အမည်အား Hell Hotel အဖြစ် နံမည်ပေး လိုက်ပါတော့ တယ် . . . ယမမင်း ကြီးသည် ပျော်ရွှင်စွာဖြင့် ဟိုတယ်ကြီးအတွင်းလှည့်လည် ကြည့်ရှုရင်း လိုအပ်ချက် တစ်ခု ကို သွားတွေ့မိပါတော့ သည် . . .

အဲ့ဒါက တော့ . . . . . . . . . ဟိုတယ် တွင် ဌာနတိုင်းတွင် လူတော်ဝန်ထမ်းများစုံလင်နေပါသော်လည်း . . .ဟိုတယ် ကြီးကို အုပ်ချုပ်မည့် . . .
 GM ခေါ် General Manager လိုအပ်နေသည် ကို တွေ့လိုက်ရပါတော့သည် . . . အဲ့ဒါနဲ့ ယမမင်းကြီးလည်း ငရဲလမ်းမှ တဆင့် ငရဲဘွတ် ပေါ်တက်ကာ ထိုမှ တဆင့် ကြော်ငြာလိုက်တာ က တော .

Vacancy Announce for Hell Hotel

General Manager Post is Available Now ဖြစ်ပါတော့တယ် . . .




အားလုံးပြောရွှင်ရယ်မောနိုင်ကြပါစေ . . . ရယ်ပြီးရင်တော့ မဆဲကြနဲ့နော် ဟီးဟီး :P
 ပြည့်ဖြိုး

No comments:

Post a Comment