Pages

Sunday, February 12, 2012

သူ့နေရာနှင့်သူ အလုပ်လုပ်ခြင်း

အဖွဲ့အစည်းတစ်ခုတိုးတက်ဘို့ အသင်းအဖွဲ့တစ်ခုတိုးတက်ဘို့ အိမ်ထောင်တစ်ခုသာယာဘို့ နိုင်ငံတစ်နိုင်ငံတိုးတက်ဘို့ ရင် . . . သူ့နေရာနှင့်သူအလုပ်လုပ်ကြဘို့ လိုမယ်ထင်ပါတယ် . . .
ဥပမာ တီးဝိုင်းတစ်ခုကိုကြည့်ပါ . . . ဒရမ်တီးတဲ့လူက သူ့စည်းချက်နဲ့သူမှန်နေရပါမယ် . . . လိဂစ်တာတီးတဲ့လူက လည်း သူသံစဉ်နဲ့သူရှိရသလို . . . ဘေ့ဂစ်တာသမားက လည်း သူ စည်းချက်နဲ့ သူမှန်ရပါမယ် . . .
ကီးဘုတ်သမားက လည်း သူဝင်သင့်တယ့် အပိုင်းလေးတွေဝင်ပေးမှ . . . မြိုင်ဆိုင်တဲ့ တေးဂီတဝိုင်းဖြစ်မှာပါ . . .
မတူညီတဲ့လူတွေပေါင်းစည်းပြီး ခံစားမှုကောင်းမွန်တဲ့ သံစဉ်တွေကိုဖန်တီးတာပါ . . .
တစ်ယောက်တည်းတီးလို့ နားထောင်ကောင်းမယ်ထင်ပါသလား . . . မြိုင်ဆိုင်မယ်ထင်ပါသလား . . .
နောက်တစ်ခု က ဒရမ်သမား ဒရမ်အလုပ်မလုပ်ရင်ရော . . . ဘေ့သမားဘေ့ အလုပ်မလုပ်ရင်ရော . . .
ကီးဘုတ်သမား ကီးဘုတ်အလုပ်မလုပ်ရင်ရော . . . လိသမား လိအလုပ်မလုပ်ရင်ရော . . .
နားထောင်ကောင်းတဲ့ တီးဝိုင်းတစ်ခု မဖြစ်နိုင်ပါဘူး . . .

အဲ့သလိုပါဘဲ . . . အိမ်တစ်အိမ်မှာ ကြည့်လိုက်ပါ . . . မြန်မာရိုးရာ အမြင်နဲ့ပါ . . .
အိမ်ထောင်ဦးစီးယောက်ျားက မိန်းမ ထဘီကိုလျှော်ပေးနေရတာ ဖြစ်သင့်ပါသလား . . .
သိမ်မွေ့နုညံတဲ့မိန်းမကို ထင်းခွဲခိုင်းနေရင်ဖြစ်သင့်ပါသလား . . . လယ်ထွန်ခိုင်းနေရင်ဖြစ်သင့်ပါသလား . . .

အဲ့သလိုပါဘဲ . . . နိုင်ငံတစ်နိုင်ငံတိုးတက်ဘို့ဆိုတာ . . .
သူ့နေရာနဲ့ သူ သူပညာနဲ့ သူ့ အသက်မွေးဝမ်းကျောင်းမှုမှန်နေဘို့ (ပရောဖက်ရှင်မှန်နေရာမှန်) ဖြစ်ဘို့လိုမယ်ထင်ပါတယ် . . .

ဆရာဝန်ဆိုတာ ဆေးကုဘို့ပါ . . . သီချင်းဆိုနေဘို့ မဟုတ်ပါဘူး . . . သီချင်းဆိုချင်ရင် ဆေးကျောင်းမတက်ပါနဲ့ . . . အနုပညာကျောင်းကိုသာတက်သင့်ပါတယ် . . .

အင်ဂျင်နီယာဆိုတာ တက်ဆီမောင်းဘို့ မဟုတ်ပါဘူး . . . စက်မှုကဏ္ဍတွေမှာ လုပ်ဆောင်ဘို့ပါ . . .

စီးပွားရေးဘွဲ့ရတွေဟာ ကျူရှင်ပြစားဘို့ မဟုတ်ပါဘူး . . . ကျူရှင်ပြတာ ဟာ . . . ပညာရေး ဘွဲ့ရတွေအလုပ်ပါ . . .

တရားရေးဘွဲ့ယူထားသူတွေဟာ . . . ကွန်ပျူတာသင်တန်းတက်ကာ . . . နည်းပညာသမားတွေလုပ်စားနေပါတယ် . . . တကယ်တော့ တရားရေး ဘွဲ့ယူထားတာ တရားဥပဒေကို ထိန်းသိမ်းဘို့ပါ . . .

ကွန်ပျူတာဘွဲ့တွေယူထားပြီး . . . စက်ကပ်ကြီးလုပ်နေတာတွေ . . . အရောင်းဌာနမှာလုပ်နေတာတွေဟာ . . . မဖြစ်သင့်ပါဘူး . . . စက်ကပ်ကြီးလုပ်မယ်ဆိုရင် Business ကျောင်းကိုတက်ပါ . . . .

ပြောရရင်တော့အများကြီးပါဘဲ . . .

အဲ့သလို နေရာမမှန်လူမမှန်ဖြစ်နေတာတွေဟာ နိုင်ငံအရမ်းနင့်နာပါတယ် . . .

အဲ့သလိုဆို ဘာလို့ တက္ကသိုလ်ကို အပင်ပန်းခံပြီးတက်နေကြတာလည်း . . . ဘွဲ့ယူဘို့ဆိုတာ ဓါတ်ပုံအလှရိုက်ဘို့ မဟုတ်ပါဘူး . . .
ဘွဲ့ဆိုတာ တက္ကသိုလ်ပြီးဆုံးခြင်းအမှတ်လက္ခဏာတစ်ခုပါ . . .

ယူထားတာနဲ့ လုပ်နေတာ လွဲနေတာဟာ . . . မိမိတက်ခဲ့တဲ့ အမိတက္ကသိုလ်ကို စော်ကားနေသလိုဘဲလို့ ထင်မြင်မိပါတယ် . . .

အချိန်တွေကို အလကားဖြုန်းတီးနေတာဘဲ . . . နိုင်ငံတိုးတက်ဘို့ အင်အားတွေဆုတ်ယုတ်နေတာပါဘဲ . . .

အဲ့တော့ ကျွန်တော်တို့တွေဘာလုပ်ကြမှာလည်း . . .

နေရာမှန်လူမှန်ဖြစ်အောင်အားလုံးဘာလုပ်ကြမလည်း . . .

pyi phyo mg mg soe
ရေးထားတာတော့ကြာနေပါပြီ . . . ပြည်ထောင်စုနေ့နဲ့ Bogyoke BD အမှတ်တရ တင်ပေးလိုက်တာပါ . . .

နိုင်ငံရေးလုပ်မှာလား အာဏာရေးလုပ်မှာလား

ကျွန်တော် ခုလိုရေးလို့ ကျွန်တော်ဟာ ဘာကောင်လည်းဆိုတော့ ဘာကောင်မှလည်းမဟုတ်ပါဘူး။ နိုင်ငံရေးကို ဘယ်လောက်သိလို့ မင်းကပြောနေတာလည်းဆိုတော့ ကျွန်တော် အသက်ဟာ ငယ်ငယ်လေးပါ။ နိုင်ငံရေး လည်း မလုပ်ဘူးသလို စာလည်း မရေးဘူးပါဘူး။ ခုရေးတဲ့ဆောင်းပါးဟာ ပထမဆုံး အကြိမ်ရေးသာတဲ့ဆောင်းပါးသာဖြစ်ပါတယ်။ ကျွန်တော် ခုလိုရေးလို့ ကျွန်တော်ဟာ ဘယ်အဖွဲ့ အစည်း ကမှလည်း မဟုတ်သလို ဘယ်အဖွဲ့ အစည်းကိုမှလည်း ကိုယ်စားပြုနေမှာ မဟုတ်ပါဘူး။ အဲ့ဒါကိုတော့ကြိုတင်ပြောထားချင်ပါတယ်။ ကျွန်တော်ဟာ နည်းပညာ သမားသက်သက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ကျွန်တော် အင်တာနက်သုံးပါတယ်။ အင်တာနက်ပေါ်မှာတွေ့နေရတဲ့ ဆောင်းပါးတွေ၊ ကွန့်မန့်တွေ ကနေ လူတွေရဲ့ စိတ်ထားတွေကို မြင်လာရပါတယ်။ နောက် ကျွန်တော်ပတ်ဝန်းကျင်မှာတွေ့နေရတဲ့လူတွေကိုကြည့်ပြီး ခုဆောင်းပါးလေးကို ရေးဘို့ စိတ်ကူးရလာတာပါ။ ဆောင်းပါးရေးတဲ့လူကိုယ်တိုင် ဆောင်းပါး ထဲက လိုကျင့်ကြံနိုင်ဘို့ ကြိုးစားနိုင်ရန်လည်း ဦးစွာဆုတောင်းသမှုပြုလိုက်ရင်းနဲ့ ကျွန်တော် ဆောင်းပါးလေးကို စတင်ပါတော့မယ်။ နိုင်ငံရေးလုပ်မှာလား အာဏာရေးလုပ်မှာလား ဆိုတဲ့ခေါင်းစဉ်မှာရည်ရွယ်ချက်တွေရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လူအများစုဟာ အမြင်လွဲမှားနေတာလေး တစ်ခုရှိနေပါတယ်။ အဲ့ဒါက နိုင်ငံရေးလုပ်တဲ့ အပေါ်မှာပါ။ ဒါဟာ ကျွန်တော်အမြင်သက်သက်သာ ဖြစ်ပါတယ်။ မှန်တယ် မမှန်ဘူးဆိုတာတော့ စာဖတ်သူတွေသာကိုယ်တိုင်ဆုံးဖြတ်စေချင်ပါတယ်။ ကျွန်တော်ဆိုလိုချင်တဲ့ နိုင်ငံရေးဆိုတာ လမ်းမပေါ်ထွက် ပြီးလက်သီးလက်မောင်းတန်းနေမှ နိုင်ငံရေးလို့ မခေါ်ပါ ဘူး။ အဲ့သလို ကျွန်တော်မြင်ပါတယ်။ နောက်တစ်ချက်က နိုင်ငံရေး ဟာ ပါတီတွေဖွဲ့ပြီးလုပ်ဆောင်မှ နိုင်ငံရေး အထမြောက်တယ်လို့ ကျွန်တော် မမြင်ပါဘူး။ နောက် ထပ်တစ်ချက်က လွှတ်တော်ထဲဝင်နိုင်မှ နိုင်ငံရေးလုပ်နိုင်မယ်လို့ ကျွန်တော် မမြင်ပါဘူး။ တကယ်တော့ နိုင်ငံရေးဆိုတာ ပါတီထောင်နိုင်ပြီး လွှတ်တော်ထဲဝင်နိုင်မဲ့သူတွေ အတွက်သာဆိုရင် အဲ့ဒီ ယူဆချက် အတွေးအခေါ်တွေဟာ နိုင်ငံတိုးတက်ဘို့ကို များစွာ အဟန့်အတားတွေနဲ့ အထနှေးစေမယ့် အတွေးအခေါ်တွေ ဖြစ်နေမယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာလို့လည်း ဆိုတော့ နိုင်ငံရေးဆိုတာ လူတစ်စုတည်းနဲ့ မသက်ဆိုင်ဘူးလို့ ကျွန်တော်ယူဆလို့ပါ။ လူတစ်စုတည်းလုပ်လို့ နိုင်ငံတိုးတက်ဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံသားတိုင်းပါဝင်လုပ်ဆောင်ရမှာပါ။ အဲ့ဒါမလို့ ကျွန်တော့ အမြင်က နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။ မူလတန်း အရွယ် ကျောင်းသားလေးမှသည် နိုင်ငံတော်ကို ဦးဆောင်မှုပြုနေသော သမ္မကြီးကိုယ်တိုင် နိုင်ငံရေးလုပ်နေတာပါ။ သူနေရာနှင့် သူ့အသက်ရွယ်နှင့် ကိုယ်နိုင်ရာ လုပ်ငန်းတာဝန်ကို ထမ်းဆောင်နေကြတာပါ။ မူလတန်းကျောင်းသားလေးသည် နောက်တစ်ချိန်တွင် နိုင်ငံတော် သမ္မတကြီးဖြစ်လာမည်မှာ ဧကန်မလွဲပါ။ အဲ့ဒါကြောင့် နိုင်ငံသားတိုင်းရဲ့ စိတ်ထဲမှာ အားလုံး ဟာ ကိုယ်စီကိုယ်ငှာ ကိုယ်နိုင်ငံအတွက် လုပ်ဆောင်နေပါသလားဆိုတဲ့ နိုင်ငံရေး အသိတရားတွေရှိနေသင့်ပါတယ်။ နောက်တစ်ခုက ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို အကောင်းဆုံးဖြစ်အောင်လုပ်ဘို့ပါဘဲ။ ပါတီမထောင်နိုင်လို့ လွှတ်တော်ထဲမ၀င်နိုင်လို့ မိမိကိုယ်ကို မိမိ နိုင်ငံရေး မလုပ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့ နိုင်ငံသားတိုင်းအားလုံးဟာ ကိုယ်စီကိုယ်ငှ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နေတယ်ဆိုတာတော့ သေချာ တွေးလေ သေချာမြင်လေဖြစ်မှာပါ။ အဲ့ဒါနဲ့ ပတ်သက်လို့ ကျွန်တော့မှာ ပုံပြင်ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။ဥပမာလေးအနေနဲ့ပါ။ တစ်ခါသော မနက်ခင်းမှာ အငြိမ်းစားကျောင်းဆရာ အဘိုးကြီးဟာ သူ့ မြေးငယ်လေးနဲ့ အတူ လက်ဖက်ရည်ဆိုင်မှာ နံနက်စာ စားသောက်ဘို့ ထိုင်နေတုန်းမှာပါ။ သူတို့ရဲ့ ဘေးဝိုင်းမှာက လမ်းထဲက ပွဲစားရောင်ရောင် အလုပ်လက်မဲ့လူတစု ရှိနေပါတယ်။ နောက်တဝိုင်းမှာတော့ ကျောင်းမတက်ဘဲ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ကျောင်းသားတစ်စု ရှိနေပါတယ်။ ကျောင်းသားတွေ ဝိုင်းနဲ့ ပွဲစားတွေဝိုင်းဟာ အစပိုင်းမှာတော့ ဘောလုံးပွဲအကြောင်းပြောလိုက် ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ နောက်ဆုံး နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘယ်နိုင်ငံမှာ ဘာတွေဖြစ်နေတယ်။ ဆန္ဒပြပွဲတွေဖြစ်နေတယ်။ ဘယ်နိုင်ငံမှာ ဘာတွေတိုးတက်နေတယ် စသဖြင့် တို့ နိုင်ငံမှာ တော့ ဘာတွေဖြစ်နေတယ် ဟိုဟာတွေလိုတယ်၊ ဒါတွေဖြစ်သင့်တယ်၊ ဟိုလူကြီးမကောင်းဘူး၊ ဒီလူကြီးမကောင်းဘူး စသည်ဖြင့် ဝေဖန်ရေးတွေနဲ့ တောင်ရောက်ရောက်မြောက်ရောက်ရောက် စကားတွေပြောနေပါတယ်။ အဲ့ဒီအပြင် ဆိုင်မှာ ပြသနေတဲ့ တီဗွီ ရဲ့ နိုင်ငံခြားသတင်းမှာလည်း ပြည်ပနိုင်ငံမှ မြန်မာနိုင်ငံသားတွေက စုရုံးဆန္ဒပြနေကာ ဆိုဆဲမှုများပြုလုပ်နေတာကို တွေ့မြင်နေရပါတယ်။ အဲ့ဒါနဲ့ မြေးဖြစ်သူက သူ့ အဘိုးကို မေးပါတော့တယ် . . . အဘိုး နိုင်ငံရေးလုပ်တယ်ဆိုတာ ဘာလည်းတဲ့ . . . အဲ့ဒီတော့ အဘိုးအိုဟာ သူ့မြေးလေးကို ပြန်ပြောလိုက်ပါတယ် . . . မြေးလေး မှတ်ထားတဲ့ . . . နိုင်ငံရေးလုပ်တယ်ဆိုတာ ဟောဟို တီဗွီထဲက လို လက်သီးလက်မောင်းတန်းပြီးအော်နေတဲ့ သူတွေလည်း မဟုတ်ဘူး . . . ဟောဟို စားပွဲမှာထိုင်ပြီး ဘာမှ မလုပ်ဘဲ ဟိုယောင်ယောင် ဒီယောင်ယောင်စကားတွေပြောပြီး ဟိုသူ့ဝေဖန် ဒီသူ့ဝေဖန်နေတာလည်း နိုင်ငံရေးလုပ်တယ် မခေါ်ဘူး။ တကယ်တော့ နိုင်ငံရေးလုပ်တယ်ဆိုတာ ဟောဟိုမှာ ကြည့်လိုက် ဆိုင်ထိပ်မှာ အမှိုက်လိုက်ကောက်နေပြီး ဆိုင်ဘေးက ရေမြောင်းကို ရှင်းနေတဲ့ စားပွဲထိုးကောင်လေး ကိုတွေ့လားမြေးလေး . . . သူကမှ တကယ်နိုင်ငံရေးလုပ်နေတာ . . . မြေးဖြစ်သူက ဇဝေဇဝါနဲ့ ဘိုးဘိုး သားနားမလည်ဘူး လို့ ပြောတော့ . . . အဘိုးဖြစ်သူက . . . ဟုတ်တယ် မြေးလေး . . . နိုင်ငံရေး ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ် . . . နိုင်ငံတွင်းမှာ မှီတင်းနေထိုင်သူတိုင်းနဲ့ သက်ဆိုင်တယ်ဆို ပိုမှန်တယ် မြေးလေး။ တကယ်တော့ ဘိုးဘိုးတို့ အိမ်အတွက်ဆိုရင် သားသား ဖေဖေ မနက်မနက်ဆို အလုပ်သွားတာ ကိုတွေ့တယ်မလား အေး အဲ့ဒါကို စီးပွားရေးလုပ်တယ်လို့ ခေါ်တယ်။ သားသား ဖွားဖွားကြီး အလှူသွားတာ ၊ နာရေးသွားတာတွေကို လူမှုရေးလုပ်တယ်လို့ ခေါ်တယ်။ အဲ့သလိုဘဲ အိမ်မှုအရေးကိစ္စတွေကို လုပ်ကိုင်နေတာကို အိမ်တွင်းရေးလုပ်တယ်လို့ခေါ်တယ်။ မြေးလေးတို့ အိမ်မှာ အိမ်ကို လှအောင်ပြင်တာဆင်တာတွေ၊ အိမ်ဝင်ငွေတိုးတက်အောင်လုပ်တာတွေ၊ အိမ်လေး သာယာလှပအောင်လုပ်နေတာတွေကို အိမ်အရေးလုပ်တယ်လို့ ခေါ်တယ်။ အဲ့သလိုဘဲ မြေးလေးတို့ နေတဲ့ နိုင်ငံမှာ သာယာလှပအောင် စည်ပင်ဝပြောအောင်လုပ်ဆောင်နေတာတွေကို နိုင်ငံရေးလုပ်တယ်လို့ ခေါ်တယ် မြေးလေး . . . . မြေးလေးတို့ အိမ်မှာ သာယာလှပအောင်လုပ်ဆောင်ဘို့ က အိမ်သားတိုင်းတာဝန်ရှိ သလို မြေးလေးတို့ နိုင်ငံမှာလည်း သာယာလှပအောင်လုပ်ဆောင်ဘို့ က နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်မြေးလေး . . . . မြေးလေးကြည့် ဟောဟို မှာ အမှိုက်ကောက်ပြီးရေမြောင်းတူးနေတဲ့ စားပွဲထိုးလေးကိုကြည့်လိုက် သူကမှ သူ့ဆိုင်ရှေ့ သာယာလှပရေးကိုလုပ်နေတာ . . . . သူ့ ဆိုင်ဘေးလေးရှင်းလင်းလိုက်တော့ . . . သူဆိုင်ဘေးလမ်းလေးမသာယာဘူးလား . . . ဆိုင်ဘေးလမ်းလေးရှင်းလင်းနေတော့ . . . သူရပ်ကွက်ကလေးမလှပဘူးလား . . . သူနိုင်သလောက် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတာ . . . . အဲ့တော့ သူကမှ နိုင်ငံရေးလုပ်တယ်လိုခေါ်နိုင်တယ် . . . ဟောဟိုမှာလို ဘာမှ မလုပ်ဘဲ ဝေဖန်လေကန်နေတဲ့ လူတွေရယ် . . . လူမြင်မတော် လမ်းပေါ်ထွက်ပြီး အော်နေတဲ့သူတွေက နိုင်ငံရေးလုပ်တာ မဟုတ်ဘူး မြေးလေး . . . သူတို့တွေသာ တကယ် စေတနာနဲ့ အသိဥာဏ်ရှိမယ်ဆိုရင် . . . အဲ့သလိုပြောနေမှာ မဟုတ်ဘူး . . . ဟို စားပွဲတိုးလေးလို တွေ့ တဲ့ အမှိုက်ကို လိုက်ကောက်ပြီး ကိုယ့်လမ်းသာယာရေး ၊ ကိုယ်ရပ်ကွက်သာယာရေး ကနေမှ တဆင့် ကိုယ့် နိုင်ငံသာယာရေးကို လုပ်ဆောင်ကြမှဘဲ . . . တကယ်တော့ မြေးလေး သူတို့ တွေဟာ နိုင်ငံသာယာရေး ၊ နိုင်ငံ့အရေးကို စိတ်မ၀င်စားဘဲ . . . အာဏာအရေးကို စိတ်ဝင်စားနေတဲ့သူတွေဘဲ မြေးလေး . . . အဲ့တော့ မြေးလေးတို့ တွေသိထားရမှာက နိုင်ငံသာယာတိုးတက်ရေး ဖြစ်တဲ့ နိုင်ငံရေးလုပ်ဘို့ ကို ဘဲချစ်မြတ်နိုးပါ . . . တစ်ဦးတစ်ယောက်တစ်ဖွဲ့ကောင်းစားစေတဲ့ အာဏာအရေးကိုတော့ စိတ်မ၀င်စားပါနဲ့ . . . လို့ အဘိုးဖြစ်သူက မြေးဖြစ်သူကို ဆုံးမပြောဆိုပါတယ် . . . . ကျွန်တော် ဆိုလိုရင်း အဓိပ္ပာယ်မှာ မည်သူတစ်ဦးတစ်ယောက် နှင့် မည်သည့် အဖွဲ့အစည်း ကိုမှ စော်ကားလိုခြင်းမရှိပါဘူး . . . ကျွန်တော်တို့ နိုင်ငံတိုးတက်ဘို့ရာ ကျွန်တော်တို့တွေ တစ်ဦးကောင်းတစ်ဖွဲ့ကောင်းနဲ့ ချီတက်နေလို့ ရမယ်လို့ ကျွန်တော်မထင်ပါ။ မည်သူတစ်ဦးတစ်ယောက်ကို မှ အားကိုးနေဘို့လည်း မလိုပါ . . . မြတ်စွာဘုရားဟောကြားထားသောတရားတော်အရ အရာအားလုံး ဟာ အနိစ္စသဘောရှိပါတယ် . . . ဒီနေ့ အသက်ရှင်နေပေမဲ့ မနက်ဖြန်သေသွားနိုင်ပါတယ် . . . အဲ့ဒါမလို့ မည်သူတစ်ဦးတစ်ယောက်ကို မှ အားမကိုးဘဲ မိမိ ကိုယ်တိုင် ကြိုးစားဘို့လိုမယ်တယ်ပါတယ် . . . နောက်တစ်ခုဟာ နိုင်ငံရေးလုပ်မယ်လို့ ခံယူထားတဲ့သူများဟာလည်း မိမိ ကိုယ်ကို မိမိ ပြန်မေးပါ . . . ငါဟာနိုင်ငံရေးလုပ်မှာလား . . . အာဏာရေးလုပ်မှာလားဆိုတာကို . . . နိုင်ငံဖွံ့ဖြိုးတိုးတက်ဘို့ နိုင်ငံရေးသန့်သန့်လေးကိုသာလုပ်ဆောင်စေချင်ပါတယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်အနာဂတ်အတွက်ကြိုးစားသင့်ပါတယ်။ ယခုလိုပွင့်လင်းလာတဲ့ လမ်းကြောင်းပေါ်မှ အားလုံးတက်ညီလက်ညီနဲ့ကြိုးစားပြီး နိုင်ငံရေးသက်သက်ကို သာ ဝိုင်းဝန်းလုပ်ဆောင်မှ ကျွန်တော်တို့ နိုင်ငံဟာ ဒေသ၀န်းကျင်နိုင်ငံများထက်သာလွန်ကာ မြန်မာတွေ ကမ္ဘာ့အလယ်မှ မျက်နှာပန်းလှနိုင်မယ်လို့ ထင်မြင်မိပါတော့တယ်။ pyi phyo mg mg soe

Sunday, October 16, 2011

ဦးနှောက်ယိုစီးမှု ရဲ့ အဓိကအရင်းအမြစ်

ဦးနှောက်ယိုစီးမှု ရဲ့ အဓိကအရင်းအမြစ်

အသက်၁၈ ပြည့်ပြီးချိန် ဘွဲရပညာတတ်တစ်ယောက်ရဲ့ ရင်ထဲမှာ အလုပ်ကောင်းကောင်းတစ်ခု လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေပြည့်နှက်နေမှာပါ . . . အဲ့ဒီရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေနဲ့ ဘဲ ကျောင်းသားဘ၀တစ်လျောက် ကြိုးစားလာခဲ့တာ . . . မျှော်မှန်းချက်တွေ ဟာ မိသားစု ဘ၀ တစ်ခု ထူထောင်ဘို့ လူငယ်တိုင်းဆန္ဒ ကိုယ်ဆီ ရှိကြပါတယ် . . . ပြည့်စုံတဲ့ မိသားစု ဘ၀လေးမှာ ကိုယ်ပိုင်အိမ်လေး တစ်လုံးက အခြေခံကြတဲ့ နေရေး ဖြစ်ပါတယ် . . . တနေ့ ထမင်း နပ်မှန်အောင်အေး စားဘို့ က ၀မ်းရေး ဖြစ်ပါတယ် . . . လူသူအမြင်လှအောင် ၀တ်ချင်တာ က လူငယ်တွေရဲ့ စရိုက် တစ်ခုဘာဘဲ . . . အဲ့ဒီ အတွက် လူငယ်တွေရဲ့ တလ၀င်ငွေဟာ ဘယ်လောက်လိုမည်နည်း . . .
ပညာတတ်လူငယ်တွေရဲ့ တစ်လ ၀င်ငွေ ဘယ်လောက် ရှိလာမှာလည်း . . .
 အဲ့သလိုနဲ့ ပညာတတ် လူငယ်တွေအားလုံးဟာ ၀င်ငွေ ကောင်းတဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ထွက်ခွာလာပါတော့တယ် . . .
ပညာတတ်လူငယ်များ ထွက်သွားတာဟာ . . . ဦးနှောက်ယိုစီးမှု ဖြစ်စဉ်ပါ . . .
ဦးနှောက်ယိုစီးမှုရဲ့ အခြေခံဟာ
 (၁) လုပ်ငန်းဖြစ်တည်မှု နည်းပါးရခြင်း . . .
 (၂) လုပ်ခ လစာ နည်းပါးရခြင်း . . .
 (၃) ကုန်ဈေးနှုန်း နှင့် အခြားဈေးနှုန်းများ မြင့်မားနေရခြင်း . . .
တွေ က အခြေခံ အကြောင်းတရားတွေပါ . . .
တစ်လ ၀င်ငွေနဲ့ ထွက်ငွေ မမျှတ မှုဟာ ဦးနှောက်ယိုစီးမှုရဲ့ အခြေခံ အရင်းမြစ်ဖြစ်လို့နေပါတယ် . . .
ဦးနှောက်ယိုစီးမှုကို ကုစားရန်  ကတော့ တစ်လ ၀င်ငွေ ဟာ ထွက်ငွေ ပမာဏပေါင်းရဲ့ ၄ ပုံ ၁ ပုံ မရှိရင်တောင် ၃ ပုံ ၁ ဘဲ ရှိသင့်ပါတယ် . . .
ကုစားရန်နည်းလမ်းကတော့
နည်းပညာဖွံဖြိုးမှုနဲ့ အတူ
(၁) လုပ်ငန်းဖြစ်တည်မှုများ ပေါများလာအောင်စွမ်းဆောင်ရပါမည်၊ ပြည်ပဈေးကွက်များ ရရှိနိုင်ရပါမည်. . .
(၂) ရရှိလာသော ပြည်ပဈေးကွက်များကို မြန်မာပြည်ဖွား တိုင်းရင်းသား နည်းပညာရှင်လူငယ်များက ဦးဆောင်ဆောင်ရွက်နိုင်ရပါမည် . . .
(၃) မြန်မာပြည်ဖွားတိုင်းရင်းသား လူငယ်နည်းပညာရှင်များ ရရှိသော တစ်လ လစာငွေဟာ မိသားစု တစ်စု အတွက် စားရေး၊ နေရေး နှင့် ၀တ်ရေး အတွက် ဖူလုံမှုရှိရပါမည် . . .
(၄) ကုန်ဈေးနှုန်းမြင့်မားခြင်းမှ ကင်းဝေးရပါမည် . . . အခြား ဈေးနှုန်းများလည်း မြင့်မားခြင်းမှ ကင်းဝေးရပါမည် . . .
(၅) မြန်မာပြည်ဖွား နည်းပညာရှင်လူငယ်များ ၏ အကူအညီဖြင့် ပြည်ပ အကူအညီ မလိုအပ် ဘဲ ကုန် ထုတ်လုပ်မှု များ လုပ်ငန်းမတည်မှု ကုန်ကျစရိတ်များ လျော့ချနိုင်ရန် လိုအပ်ပါမည် . . .
(၆) ငါ တစ်ဘို့ တည်း ကို မကြည့် ဘဲ ငါ့ လူမျိုး ဘို့ ကို ကြည့်တဲ့ လုပ်ငန်းရှင်များ များများ ပေါ်ပေါက်ရန်လိုအပ်ပါတယ် . . .
(လူတစ်ယောက်သည် တနေ့ တမင်း ၃ နပ်၊ ၀တ်ရန် အ၀တ် တစ်ထည် နှင့် နေရန် အိပ် ရန် နေအိမ် တစ်လုံးသာအခြေခံ လိုအပ်ပါသည် . . .  လူဆိုသည်မှာ ပုထုဇဉ်ဖြစ်၍ လောဘ ရှိတတ်သော်လည်း ကိုယ်တစ်ဘို့တည်း အတွက် ကြည့်သော လောဘကို ကိုယ့် အမျိုးသားရေးကောင်းစားစေရန် ကြည့်သော လောဘ ဖြစ်သင့်ပါသည်)
လူငယ်နည်းပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များသည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီများဖြစ်ရန် အသိအမြင်သည် လူငယ်တိုင်းနှင့် လူကြီး များ ၏ ရင်တွင် ပွင့်လင်းသော အမြင် တစ်ဦးကို တစ်ဦး အားကိုးသော အမြင်များရှိရန် အထူးလိုအပ်လှပါသည်။


ပြည့်ဖြိုး

General Manager Post is Available Now

General Manager Post is Available Now

General Manager Post is Available Now

ဖေ့ဘွတ်မှာ ရေးထားခဲ့ဘူးသော ကျွန်တော်ရဲ့ ပထမဆုံးသော ဟာသ၀တ္ထုကို ပြန်လည် တင်ပေးခြင်းပါ . . .

by Pyi Phyo on Wednesday, September 29, 2010 at 5:01am
စိတ်ထဲစဉ်းစားမိတာလေးရေးချင်လို့  နဲနဲ သီးခံပြီး ဖတ်ပေးကြပါ . . . မှန်နေရင်တော့ စိတ်မဆိုးကြပါနဲ့နော် ဟဲဟဲ :) ကြိုတင်တောင်းပန်ထားပါတယ် . . .



တစ်ခါ က ငရဲပြည် သို့ ငရဲခံရမည့် သူ ၅ ဦး  ကျရောက်လာပါတော့တယ် . . .



ယမမင်းက ပထမဆုံးတစ်ယောက် ကို ခေါ်လိုက်ပါတယ် . . . မင်း လူ့ပြည်မှာတုန်းက ဘာလုပ်သလဲတဲ့ . . . ကျွန်တော်က ဟိုတယ် က စားဖိုဆောင်က စာဖိုမှူးချုပ်ပါ . . . ဒါဆို မင်းဘာလို့ ငရဲပြည်ကျတာလည်း ပြောစမ်းပါအုန်း ဆိုတော့ . . . ကျွန်တော်တို့ဟိုတယ်မှာ ဧည့်သည်တွေကို လတ်ဆတ်တဲ့ သားငါးတွေ စားရအောင် အရှင်တွေကို ၀ယ်လာပေးတော့ သတ်ရလို့ . . . ပါဏာတိပါတာ ကံ ကြူးလွန်မိလို့ကျတာပါ . . .  အဲ့တော့ သွား သိဉ္စိုးငရဲ

ကဲနောက်တစ်ယောက်လာခဲ့ . . .

ယမမင်းမှ ဒုတိယတစ်ယောက်အား ဆက်ခေါ်လိုက်သည် . . . မင်းလည်း လူ့ပြည်မှာ ဘာတွေလုပ်ခဲ့လည်း ပြောစမ်းပါအု . . . ဒုတိယ လူက . . . ဟုတ်ကဲ့ပါ ကျွန်တော်က လူ့ပြည်တုန်းက ဟိုတယ် တစ်ခုမှာ Information Technology ဌာနမှာ တာဝန်ထမ်းဆောင်တာပါ . . . ကျွန်တော်တို့ မြန်မာပြည်မှာက ဗျာ . . . သူများ နိုင်ငံတွေလို ချမ်းသာတော့ Software တွေကို license version တွေ မသုံးဘဲ ခိုးကူခွေတွေ ဘဲ သုံးရတယ်လေ . . . ပြီးတော့ IT သမားဆိုတဲ့ အတိုင်း Hack တာ တို့ Crack တာတို့ကလည်း အကျင့်က ပါနေတော့ သူများ မသိအောင် ခိုးသုံးနေမိတာပေါ့. . .အဲ့ဒါနဲ့ အဒိန္ဒဒါန ကံ ကြူးလွန်ခဲ့လို့ ဒီကိုရောက်လာတာပါ . . . ယမမင်းက အေး ဒါဆိုမင်းလည်း သွား သိဉ္စိုးငရဲ ဘဲသွား 

ကဲနောက်တစ်ယောက်လာခဲ့အုန်း . . .

ယမမင်း က ဆက်မေးလိုက် သည် မင်းကရော ဘယ်မှာ ဘာလုပ်ခဲ့လို့လည်း ပြောစမ်းပါအုန်း . . . တတိယ လူ ကလည်း ကျွန်တော် လည်း ဟိုတယ်မှာ အလုပ်လုပ်တာ ပါ Spa လို့ ခေါ်တဲ့ ဇုန် ရဲ့ မန်နေဂျာပါ . . . ကျွန်တော် ဆီကို ယမမင်းကြီးတောင် လာသွားသေးတယ်လေ . . . ခုမှ မမှတ်မိတော့ ဘူး လား . . . သတိ က မေ့တတ်ပါလား တဲ့ . . . ယမမင်းလည်း သူ့ အကြောင်းတွေ ပေါ်ကုန်မှာ ဆိုးသဖြင့် တတိယလူအား စကားပြောခွင့်မပေးဘဲ ကဲကဲ မင်းလည်း ကာမေသုမိစ္ဆာစာရ ကံကို ကြူးလွန်တာဘဲ အတူတူဘဲ သွား သိဉ္စိုးငရဲ ဆိုကာ မြန်မြန် မောင်းချ လိုက်သည် . . .


ယမမင်းကြီးလည်း စိတ်ကို တည်ငြိမ်အောင်ပြန်လည် တင်းရင်း . . . ကဲနောက်တစ်ယောက် လာခဲ့အုန်း . . .

မင်း ကရော ဘာနေရာ မှာ ဘာလုပ်ခဲ့လို့လည်း ကွ ပြောပါအုန်း . . .

အဲ့ ဒေါ့  စတုတ္ထ တစ်ယောက်က ရောက်လာပြီး . . . မီးက လေ . . . တမီးက လူ့ ပြည်တုန်းက ဟိုတယ် တစ်ခု ရဲ့ Sales and Marketing ဌာန မှာ ပေါ့ လုပ်တာပေါ့ . . . မီးတို့ က အရောင်း သမားတွေ ဆိုတော့ ရောင်းတာပေါ့ . . . မီးကိုလည်း ရောင်းတယ် အားလုံးကိုလည်း ရောင်းတယ် . . . (အခန်းတွေ၊ အစားအသောက်တွေကိုပြောတာပါ) . . . မီးတို့ က ရောင်းအားတက်အောင် လေ ဧည့်သည်တွေကို ပြောရတာပေါ့ . . . ဦးတို့ ကို ကို တို့ ရယ် . . . မီးတို့ ဟိုတယ် က ကောင်းမှ ကောင်း မီးကိုသာကြည့် မီးကောင်း သလို မီးတို့ ဟိုတယ်လည်း ကောင်းမှ ကောင်း . . . မီးတို့ အစားအသောက် တွေကလည်း ကောင်းမှ ကောင်း မီးကို သာကြည့် မီး ကို ဦးတို့ ကိုကို တို့ စားချင်သလိုဘဲ . . . မီးတို့ Menu တွေက လည်း စားချင် စရာပါတဲ့ . . .အဲ. . . အဲ့ လို တွေပြောရ ပေါင်း များတော့ . . . မီးလည်း လိမ်လည် လှည့်ဖြားပြောဆို ရတာ နေ့တိုင်း အမြဲပေါ့ မုသားမပါ လင်္ကာ မချော ဆိုတာ တောင်ရှိပါသေးတယ် စကားပုံလေ အဲ့လိုဆိုတော့ မီးလည်း မုသားတွေ ကြူးလွန်မိပြီး မုသာဝါဒကံ နဲ့ ဒီကိုရောက်လာတာပါ . . . အေး မင်းလည်း သိဉ္စိုးငရဲ ကို ဘဲသွား . . . ဆိုကာ မြန်မြန်မောင်းထုတ်လိုက်၏ (ငရဲပြည်နှစ်ပတ်လည်အစည်းအဝေးအတွက် Meeting Package လာ Sales Call ဆင်းမည်ကိုကြောက်လို့ပါ) 

ယမမင်းလည်း လည်း စိတ်တော်တော် ရှုပ်နေဟန်ဖြင့် . . . ကဲနောက်ဆုံးတစ်ယောက် ခေါ်ပါအုန်း . . .

မင်းကရော ဆိုစမ်းပါအုန်း . . . ဟိုတယ်က ဘဲလား ဘယ်ဌာနမှာ လုပ်တာလည်း ပြောပါအုန်း . . .

အဲ့တော့ နောက်ဆုံးလူလည်း ဟုတ်ကဲ့ပါ ကျွန်တော်လည်း ဟိုတယ်မှာ လုပ်ပါတယ် . . .
ဌာနကတော့ Food and Beverage ဌာနကပါ . . . ဧည့်သည်တွေ မှာ သောက်တဲ့ Beer တွေ အရက်တွေ ပို ရင် သွန်ပစ်ရမှာ နှမြောလို့မသွန်ဘဲ သောက်မိပါတယ် . . . တခါ တခါ ပွဲတွေကျင်းပတဲ့အခါ လူကြီးတွေမူးပြီဆိုရင် လစ်ရင် လစ်သလို အနီတွေအနက်တွေအပြာတွေ ကိုယူသောက်မိပါတယ် ပြီးရင် ပုံမပျက်အောင် ရေလေး ရော ထားတာပေါ့ . . . အဲ့လို နဲ့ နေ့တိုင်း သောက်လာတော့ သုရာ မေရယ ကံ နဲ့ ဒီနေရာကိုရောက်လာတာပါ . . .
ယမမင်းကြီးအတွက်တောင် Blueတစ်ပုလင်းယူလာခဲ့သေးတယ် . . .ယမမင်းကြီးလည်း မဟန်မှန်းသိတာနဲ့ ကဲမင်း လည်း သွားတော့ သိဉ္စိုးငရဲ ကို ဆိုကာ ကန်ချလိုက်ပါတယ် . . . 

ယမမင်းကြီးလည်း စိတ်များအလွန်ရှုပ်ထွေးစွာဖြင့် မျက်လုံးအသာမှိတ်ကာ ခဏနေလိုက်ပါတယ် . . . ................................

ခဏ အကြာမှာတော့ ၀ုန်းကနဲဆိုတဲ့ အသံကြီး ပေါ်ထွက်လာပါတယ် . . . ၀ုန်း . . . . . ၀ုန်း ......... ၀ုန်း

ငရဲပြည်ကြီး ၈ထပ် မှ ယမမင်းကြီး နန်းတော်ဆီမှာ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသဖြင့် အားလုံးစိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါသည် . . .

ယမမင်းကြီးလည်း ခဏတာ တွေးတောရင်း စိတ်ကူးကောင်းတစ်ခု ရလာ သဖြင့် အပျော်လွန်သွားကာ ထခုန်လိုက်သော အသံ မှာ ငရဲပြည် ၈ထပ်ထိ ရောက်သွားရခြင်းဖြစ်ပါတော့တယ် . . .

ငရဲမင်းကြီး၏ အကြံမှာ . . .

ငါ့၏ ငရဲပြည်ကြီးတွင် လူ့ပြည်မှ 5 Stars အဆင့်အတန်းရှိသော ဟိုတယ်ကြီးတွင် တာဝန်ထမ်းဆောင်လာသော လူတော်များ စုဝေးရောက်ရှိနေကြပေပြီ
ငါ့၏ ငရဲပြည်ကြီးတွင် လည်း ဟိုတယ် ဆိုလို့ 5 Stars မဆိုထားနှင့် အအေးခန်းအဆင့်တန်းမျိုးတောင် မရှိပါသကား . . .
သို့ဖြစ်၍ ထို လူများကို စည်းရုံးတိုင်ပင်ပြီး အဆင့်အတန်းမှီ ဟိုတယ် ကြီးတစ်ခုဖွင့် လျှင်ကောင်းလေစွ . . .

နေရာဌာနစုံမှ သတ္တ၀ါ အပေါင်းလာရောက်လည်ပတ်လေသော် တည်းခိုစရာနေရာ မရှိ၍ လူတို့ဌာနေတွင် ငရဲပြည် ကောင်းကြောင်းပြောသောသူမရှိ
သ လောက် ဖြစ်နေရသည် ကိုလည်း မခံချင်ဖြစ်မိလေတယ် .  . .  ထိုသို့ကြံစည်မိ၍ ငရဲဌာနေတိုးတက်ရေးအတွက် အပျော်ကြီးပျော်ကာ ထခုန်မိလေခြင်းဖြစ်ပါသည် . . .

ထို့နောက် ယမမင်းကြီးသည် . . . သိဉ္စိုးငရဲတွင် တွင် ချခံထားသော လူ့ပြည့် 5 Stars ဟိုတယ်မှာ လူတော်များကို စုစည်း ၍ 5 Stars အဆင့်မှီ ဟိုတယ်ကြီး တစ်လုံး တည်ဆောက်ပါတော့ သည် . . . ထို့နောက် ဟိုတယ် ပိုင်ရှင် ကြီး အဖြစ်နှင့် ယမမင်းကြီးသည် ပျော်ရွှင်စွာ ဖြင့် ဟိုတယ်ကြီး အမည်အား Hell Hotel အဖြစ် နံမည်ပေး လိုက်ပါတော့ တယ် . . . ယမမင်း ကြီးသည် ပျော်ရွှင်စွာဖြင့် ဟိုတယ်ကြီးအတွင်းလှည့်လည် ကြည့်ရှုရင်း လိုအပ်ချက် တစ်ခု ကို သွားတွေ့မိပါတော့ သည် . . .

အဲ့ဒါက တော့ . . . . . . . . . ဟိုတယ် တွင် ဌာနတိုင်းတွင် လူတော်ဝန်ထမ်းများစုံလင်နေပါသော်လည်း . . .ဟိုတယ် ကြီးကို အုပ်ချုပ်မည့် . . .
 GM ခေါ် General Manager လိုအပ်နေသည် ကို တွေ့လိုက်ရပါတော့သည် . . . အဲ့ဒါနဲ့ ယမမင်းကြီးလည်း ငရဲလမ်းမှ တဆင့် ငရဲဘွတ် ပေါ်တက်ကာ ထိုမှ တဆင့် ကြော်ငြာလိုက်တာ က တော .

Vacancy Announce for Hell Hotel

General Manager Post is Available Now ဖြစ်ပါတော့တယ် . . .




အားလုံးပြောရွှင်ရယ်မောနိုင်ကြပါစေ . . . ရယ်ပြီးရင်တော့ မဆဲကြနဲ့နော် ဟီးဟီး :P
 ပြည့်ဖြိုး